ယေဇကျေလအနာဂတ္တိကျမ်း 25:8
တဖန်မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုး သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟု ဆိုသောကြောင့်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 25
Cross References
Numbers 24:17ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခု မဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသော အချိန် မနီးသေး။ ကြယ်တလုံးသည် ယာကုပ် အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး ၌ ထင်ရှားလိမ့်မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက် ၍ မငြိမ်မဝပ်ရုန်းရင်းခပ် ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည်။
2 Chronicles 32:19လူတို့လက်ဖြင့် လုပ်သောဘုရား၊ မြေကြီးသား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ ဘုရား သခင်ကို ရော၍ ကဲ့ရဲ့ကြ၏။
Isaiah 10:9ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့၎င်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၎င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့၎င်း ဖြစ်သည် မဟုတ်လော။
Isaiah 25:10အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော် သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ပွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘ ပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည်။
Isaiah 36:18ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ကယ် ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည် သောဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင် လက်မှ ကယ်လွှတ်ကြပြီလော။
Jeremiah 12:14ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေး သနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေ ကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ ပြည်ထဲက ငါနှုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည်။