ယေဇကျေလအနာဂတ္တိကျမ်း 3:17
အချင်းလူသား၊ သင့်ကိုဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့်ထားသောကြောင့်၊ ငါသတိ ပေးသောစကားကို နားထောင်၍ သူတို့အား ဆင့်ဆို လော့။
1835 Judson Burmese Bible
In The King James Version
In Context
16ခုနစ်ရက်လွန်မှ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
Read all of ယေဇကျေလအနာဂတ္တိကျမ်း 3
Cross References
Song of Solomon 3:3မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သော သူကိုမြင်ကြသလော ဟု ငါမေး၏။
Isaiah 21:6အကြောင်းမူကား၊ ဘုရားရှင်က၊ သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည့်အတိုင်းပြော စေ လော့ဟု ငါ့အားမိန့်တော်မူ၏။
Isaiah 21:11ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်း။ အိုကင်း စောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်းဟု စိရ တောင် ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။
Isaiah 56:10သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သော ခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင်အားကြီးသော ခွေးဖြစ်ကြ၏။
Isaiah 62:6အိုယေရုရှလင်မြို့၊ နေ့ညဉ့်မပြတ် တိတ်ဆိတ်စွာ မနေရသော လူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထား ပြီ။ ထာဝရဘုရားကို အောက်မေ့စေသော သူတို့၊ တိတ် ဆိတ်စွာ မနေကြနှင့်။
Jeremiah 6:10သူတို့သည် နားထောင်မည်အကြောင်း၊ အဘယ် သူကို ငါပြော၍ သတိပေးရမည်နည်း။ သူတို့နားသည် အရေဖျားလှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နားမထောင်နိုင်ကြ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့ကဲ့ရဲ့စရာဖြစ်၏။ ထိုနှုတ်ကပတ်တော် ကို မနှစ်သက်ကြ။