ယေဇကျေလအနာဂတ္တိကျမ်း 30:12
မြစ်တို့ကို ငါခန်းခြောက်စေ၍၊ အဓမ္မလူတို့အား ပြည်ကို ရောင်းလိုက်မည်။ တကျွန်းတနိုင်ငံသားတို့ လက်ဖြင့် ပြည်နှင့်တကွပြည်၌ ပါသမျှကို ငါဖျက်ဆီးမည်။ ငါထာဝရဘုရား ပြောပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 30
Cross References
Isaiah 19:4အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့ လက်သို့ ငါအပ်သဖြင့်၊ ပြင်းထန်သော ရှင်ဘု ရင်တပါးသည် အုပ်စိုးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Jeremiah 50:38ခန်းခြောက်ခြင်းဘေးသည် မြို့၏ ရေတို့ အပေါ်သို့ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုပြည်သည်ရုပ်တုတို့နှင့် အပြည့်ရှိ၏။ ပြည်သား တို့သည် ဆင်းတုတို့ကို အမှီပြု၍ ဝါကြွားကြ၏။
Ezekiel 28:10အရေးဖျားလှီးခြင်းမခံသော လူသေသကဲ့သို့၊ သင်သည် တကျွန်းတနိုင်ငံသားတို့ လက်ဖြင့်သေရမည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
Ezekiel 29:9အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်၊ ပျက်စီး လျက်ရှိသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ်မည်။ သင်က၊ ငါ့မြစ်ကိုငါ ပိုင်၏။ ငါဖန်ဆင်းပြီ ဟု ဆိုမိသောကြောင့်၊
Nahum 1:4ပင်လယ်ကို ဆုံးမ၍ ခန်းခြောက်စေတော်မူ၏။ ခပ်သိမ်းသော မြစ်ရေကိုလည်း ကုန်စေတော်မူ၏။ ဗာရှန် တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ၏။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း၏။
Revelation 16:12ဆဋ္ဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့ မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှါ ထိုမြစ်ရေသည် ခန်းခြောက်လေ၏။