ယေဇကျေလအနာဂတ္တိကျမ်း 33:21
သိမ်းသွားရာ သက္ကရာဇ်တဆယ်နှစ်ခု၊ ဒသမလ ငါးရက်နေ့တွင်၊ ယေရုရှလင်မြို့မှ ပြေး၍လွတ်သော သူတယောက်သည် ငါ့ထံသို့ရောက်လာ၍၊ မြို့ကိုလုပ်ကြံပြီ ဟု သိတင်းကြားပြော၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 33
Cross References
2 Kings 25:4ခါလဒဲ လူတို့သည်မြို့ရိုးကို ဖြိုဖောက်၍ မြို့ကို လည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့ သည် ညဉ့်အခါ ပြေး၍မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ် တော်နားတံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။
2 Chronicles 36:17ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်းရာဌာန အိမ်တော်၌ လူပျိုတို့ ကို ထားနှင့်သတ်၏။ ယောက်ျားပျို၊ မိန်းမပျို၊ လူအို၊ အသက်ကြီး၍ ကျောကုန်းသော သူတို့ကိုပင် မသနား၊ ရှိသမျှတို့ကို ထိုရှင်ဘုရင် လက်သို့အပ်တော်မူ၏။
Jeremiah 39:2ဇေဒကိမင်းကြီးနန်းစံဆယ်တနှစ်၊ စတုတ္ထလ ကိုးရက်နေ့၌ မြို့ကို ဖြိုဖေါက်၍၊
Ezekiel 1:2မိုဃ်းကောင်းကင်ပွင့်၍ ဘုရားသခင်၏ဗျာဒိတ် ရူပါရုံတို့ကို မြင်ရ၏။
Ezekiel 32:1သက္ကရာဇ် တဆယ်နှစ်ခု၊ ဒွါဒသမလတရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊