ယေဇကျေလအနာဂတ္တိကျမ်း 33:24
အချင်းလူသား၊ ပျက်စီးသော ဣသရေလပြည်၌ နေသေးသော သူတို့က၊ အာဗြဟံသည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည်ကို အမွေခံရ၏။ ငါတို့မူကား အများဖြစ်ကြ၏။ ငါတို့အမွေခံရာဘို့ ပေးတော်မူပြီဟု ဆိုကြသော်၊
1835 Judson Burmese Bible
In The King James Version
In Context
23ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
Read all of ယေဇကျေလအနာဂတ္တိကျမ်း 33
Cross References
Nehemiah 9:8ရှေ့တော်၌ သူ့သဘောဖြောင့်သည်ကို တွေ့ သောကြောင့်၊ ခါနနိပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံအမျိုးအနွယ်အား ငါပေးမည်ဟု ဝန်ခံသည် အတိုင်း သစ္စာတော်မပျက်ပြုတော်မူ၏။
Jeremiah 39:10သို့ရာတွင်၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒပြည်၌ထားခဲ့၍၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ၏။
Ezekiel 5:3အနည်းငယ်ကိုလည်းယူ၍ ကိုယ်အဝတ်နှင့် ထုပ်လော့။
Ezekiel 33:27တဖန်အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါအသက်ရှင်သည်အတိုင်း၊ ပျက်စီး သော အရပ်၌နေသော သူတို့သည် ထားဖြင့် လဲ၍ သေရ ကြလိမ့်မည်။ လွင်ပြင်၌ရှိသော သူတို့ကို ငါသည်သားရဲ ၌အပ်၍ ကိုက်စားစေမည်။ ရဲတိုက်ဥမင်၌ရှိသော သူတို့ သည် ကာလနာနှင့် သေရကြလိမ့်မည်။
Ezekiel 36:4အိုဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင် ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှစ၍၊ ပတ်လည်၌နေသော တပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သွားသော မြို့တို့အား မိန့်တော်မူသည်ကား၊
Matthew 3:9အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံတို့ကို ထုတ်ဘော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။