ယေဇကျေလအနာဂတ္တိကျမ်း 37:5
ဤသွေ့ခြောက်သော အရိုးတို့အား အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ အထဲသို့ အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရ ကြမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 37
Cross References
Genesis 2:7ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။
Psalms 104:30တဖန်ဝိညာဉ်တော်ကို လွှတ်၍၊ သူတို့ကို ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးမျက်နှာကို အသစ်ပြုပြင် တော်မူ၏။
Ezekiel 37:9ထာဝရဘုရားကလည်း၊ အချင်းလူသား၊ လေ အား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို လေအားဆင့်ဆိုရမည်မှာ၊ အိုလေ၊ အရပ် လေးမျက်နှာတို့မှ လာ၍၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု၊
John 20:22ထိုသူတို့အပေါ်၌ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။
Ephesians 2:5ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။