ယေဇကျေလအနာဂတ္တိကျမ်း 44:12
သူတို့သည် ရုပ်တုတို့ရှေ့မှာ လူများအမှုကို ဆောင်ရွက်သဖြင့်၊ ဣသရေလအမျိုးထိမိ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်းဖြစ်ဘူးသောကြောင့်၊ သူတို့ တဘက်၌ငါကျိန်ဆို၍၊ သူတို့သည် ကိုယ်အပြစ်ကို ခံရ ကြမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 44
Cross References
Deuteronomy 32:40ငါသည် အစဉ်အမြဲအသက်ရှင်ပေ၏ဟု ငါ့လက် ကို ကောင်းကင်သို့ချီ၍ ကျိန်ဆို၏။
2 Kings 16:10အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီး ဦးကြိုပြုခြင်းငှါ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင်၊ ပလ္လင်ပုံ၊ အတိုင်းအရှည်၊ တန်ဆာ ရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက်၏။
Isaiah 9:16ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
Ezekiel 20:6သူတို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ပြီးလျှင်၊ ပြည် တကာတို့၏ အထွဋ်ဖြစ်၍ နို့နှင့်ပျားရည် စီးသောပြည်၊ သူတို့အဘို့ငှါ ကြည့်ရှုသော ပြည်သို့ ဆောင်သွားခြင်းငှါ ကျိန်ဆိုသောအခါ၊
Ezekiel 20:23တဖန် ငါသည် သူတို့ကို အတိုင်းတိုင်း အပြည် ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှါ တော၌ ကျိန်ဆို၏။
Ezekiel 44:10ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲပြီးလျှင်၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွား သောအခါ၊ ငါ့ထံမှထွက်၍လမ်းလွှဲသော လေဝိသားတို့ သည်လည်း ကိုယ်အပြစ်ကို ခံရကြမည်။