ယေဇကျေလအနာဂတ္တိကျမ်း 48:11
ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသော အခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကို အစဉ်ဆောင် ၍ သန့်ရှင်းသော ဇာဒုတ်သားယဇ် ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။
1835 Judson Burmese Bible
In The King James Version
In Context
12လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သော မြေသည် ယဇ်ပုရောဟိတ်တို့အဘို့ အလွန်သန့်ရှင်းသော မြေဖြစ်ရမည်။
Read all of ယေဇကျေလအနာဂတ္တိကျမ်း 48
Cross References
Ezekiel 40:46မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ ယဇ်ပုလ္လင်အမှုကို ဆောင်သောယဇ်ပုရောဟိတ် နေစရာ ဘို့ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ အမှုတော်ကို ဆောင်စေခြင်းငှါ၊ လေဝိသား တို့တွင် ရွေးကောက်သောဇာဒုတ်သားပေတည်းဟု ငါ့အား ပြောဆို၏။
Ezekiel 44:10ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲပြီးလျှင်၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွား သောအခါ၊ ငါ့ထံမှထွက်၍လမ်းလွှဲသော လေဝိသားတို့ သည်လည်း ကိုယ်အပြစ်ကို ခံရကြမည်။
Matthew 24:45အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။
1 Peter 5:4သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။