ဧဇရမှတ်စာ 2:65
ထိုမှတပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက်၊ သီးချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ၊
1835 Judson Burmese Bible
In The King James Version
In Context
64ပရိသတ်ပေါင်းကား လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။
66မြင်းပေါင်း ခုနစ်ရာသုံးဆယ်ခြောက်စီး၊ လားပေါင်း နှစ်ရာလေးဆယ်ငါးစီး၊
Cross References
2 Samuel 19:35ယနေ့ကျွန်တော်အသက် ရှစ်ဆယ်ရှိပါပြီ။ ကောင်းမကောင်းကို ကျွန်တော် ပိုင်းခြား၍ သိနိုင်ပါ မည်လော။ ကိုယ်တော်ကျွန်သည် အစားအသောက် အရသာကို မြည်းနိုင်ပါမည်လော။ သီချင်းသည် ယောက်ျား၊ သီးချင်းသည်မိန်းမဆိုသောအသံကိုကြားနိုင်ပါမည်လော။ ကိုယ်တော်ကျွန်သည်အရှင်မင်းကြီးကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း။
Nehemiah 7:67ထိုမှတပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက်၊ သီချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ လေးဆယ်ငါးယောက်၊
Psalms 148:12လူပျိုနှင့်အပျိုများ၊ လူအိုနှင့်လူကလေးများတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။
Isaiah 14:1အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို သနား၍ ဣသရေလအမျိုးကို တဖန်ရွေးကောက်သဖြင့်၊ သူတို့ကို နေရင်းပြည်၌နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူတို့နှင့် ပေါင်းဘော်၍ ယာကုပ်အမျိုး၌ ဆည်းကပ်ကြ လိမ့်မည်။
Matthew 9:23အရာရှိအိမ်သို့ ရောက်တော်မူ၍ တီးမှုတ်သော သူတို့နှင့် များစွာသောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင်လျှင်၊