ဧဇရမှတ်စာ 2:69
တတ်နိုင်သမျှအတိုင်း အလိုလိုလှူ၍၊ ရွှေဒင်္ဂါးခြောက်သောင်းတထောင်၊ ငွေအခွက်ငါးသောင်း၊ ယဇ်ပုရောဟိတ်အဝတ် အစုံတရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Chronicles 22:14ငါသည်ဆင်းရဲခံစဉ်တွင်၊ ထာဝရဘုရား၏ အိမ်တော်အဘို့ ရွှေအခွက်တထောင်နှင့် ငွေအခွက် တသောင်းကို၎င်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါနှင့်သံကို၎င်း၊ သစ်သားများနှင့်ကျောက်များကို ၎င်းပြင်ဆင်ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။
1 Chronicles 29:7ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ ရွှေအခွက်ငါး သောင်းနှင့်ရွှေဒင်္ဂါးတသောင်း၊ ငွေအခွက် တသိန်း၊ ကြေးဝါအခွက် တသိန်းရှစ်သောင်း၊ သံအခွက် တသန်းကို လှူကြ၏။
Nehemiah 7:71အဆွေအမျိုးသူကြီးသွင်းသော ရွှေငွေပေါင်းကား၊ ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်းနှစ်ထောင် တည်း။