ဧဇရမှတ်စာ 4:3
ဇေရုဗဗေလနှင့် ယောရှုအစရှိသော ဣသ ရေလအဆွေအမျိုး သူကြီးတို့က၊ ငါတို့၏ဘုရားသခင် အဘို့ ဗိမာန်တော်တည်ခြင်းအမှုကို၊ သင်တို့သည် ငါတို့နှင့် ဝိုင်း၍ မလုပ်ရ။ ပေရသိရှင်ဘုရင်ကုရုမင်းကြီး အမိန့် တော်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားအဘို့ ငါတို့သည် ကိုယ်တိုင်တည်ရမည်ဟု ပြန်ပြော ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
4ထိုအခါ ပြည်သားတို့သည် ယုဒအမျိုးတို့ကို လက်အားလျော့စေ၍၊ တည်ဆောက်ခြင်းအမှုကို နှောင့်ရှက်ကြ၏။
Cross References
Ezra 1:3သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏ လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူ ပါစေသော။ ယုဒပြည်ယေရုရှလင်မြို့သို့ သွား၍ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။
Nehemiah 2:20ငါကလည်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရား သခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ ကျွန်ဖြစ်သော ငါတို့သည် ထ၍တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော၏။
Isaiah 45:4ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသ ရေလအတွက် ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။သင်သည် ငါ့ကို မသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။
John 4:22သင်တို့သည်ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။
Romans 9:4ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း၊ ဘုန်းအာနုဘော်တော်နှင့်၎င်း၊ ပဋိညာဉ်တရားတို့နှင့်၎င်း၊ ပညတ်တရားထားခြင်းနှင့် ၎င်း၊ ဝတ်ပြုခြင်းနှင့်၎င်း၊ ဂတိတော်တို့နှင့်၎င်း၊ ဆိုင်ကြ၏။