ဧဇရမှတ်စာ 6:14
ယုဒအမျိုးအသက်ကြီးသူတို့သည် တည်ဆောက် ၍၊ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားဇာခရိဟောသော အားဖြင့်၊ အကြံထမြောက်ကြ၏။ ဣသရေအမျိုး၏ ဘုရား သခင်အမိန့်တော်နှင့် ပေရသိရှင်ဘုရင်ကုရုမင်း၊ ဒါရိမင်း အမိန့်တော်အတိုင်း တည်ဆောက်၍ လက်စသတ်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
15ဒါရိမင်းကြီးနန်းစံခြောက်နှစ်၊ အာဒါလသုံးရက် နေ့တွင် အိမ်တော်သည် ပြီးပြည့်စုံ၏။
Cross References
Ezra 3:8ယေရုရှလင်မြို့ ဗိမာန်တော်သို့ရောက်သော ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗ ဗေလ၊ ယောဇဒတ်သားယောရှု၊ ကျန်ကြွင်းသော ညီ အစ်ကို၊ ယဇ်ပုရောဟိတ်၊ လေဝိသားများ၊ အချုပ်ခံရ သော လူစုထဲကထွက်၍၊ ယေရုရှလင်မြို့သို့လာသော လူများအပေါင်းတို့သည် ထ၍ ဗိမာန်တော်တည်ဆောက် ခြင်းအမှုကို နှိုးဆော်စိမ့်သောငှါ လေဝိသားတို့ကို ခန့်ထားကြ၏။
Ezra 4:24ထိုသို့ ယေရုရှလင်မြို့၏ ဗိမာန်တော် တည်ခြင်း အမှုပြတ်၍၊ ပေရသိရှင်ဘုရင် ဒါရိနန်းစံ နှစ်နှစ်တိုင် အောင် လက်စမသတ်ဘဲနေလေ၏။
Ezra 5:13ဗာဗုလုန်ရှင်ဘုရင်ကုရုသည်၊ နန်းစံပဌမနှစ် တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော် မူ၏။
Ezra 6:8ထိုမှတပါး၊ သင်တို့သည် ထိုဘုရား၏ အိမ်တော် တည်ခြင်းအမှုကို ယုဒအမျိုးအသက်ကြီးသူတို့နှင့် ကူညီ ရမည်အကြောင်း၊ သူတို့သည် အဆီးအတားမရှိစေခြင်းငှါ၊ မြစ်အနောက်ဘက်၌ ခံသောအခွန်တော်တည်း ဟူသော ဘဏ္ဍာတော်ထဲက အိမ်တော်တည်စရာစရိတ်ကို ချက် ခြင်းထုတ်ပေးရမည်အကြောင်း ငါအမိန့်တော်ရှိ၏။
Ezra 7:1ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ် လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီးအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗတ္တိ၊ ဩဇိ၊ ဇေရဟိ၊ စရာယတို့မှ ဆင်းသက်သောသူ၊
Nehemiah 6:15အရက် ငါးဆယ်နှစ်ရက်ကြာမှ ဧလုလလ နှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ၏။