ဧဇရမှတ်စာ 7:14
အကြောင်းမူကား၊ သင်၏ဘုရားသခင့်တရားကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒပြည်ယေရုရှလင်မြို့၌ တရားအမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှါ၎င်း၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Ezra 1:3သင်တို့တွင် အဘယ်သူသည် ဘုရားသခင်၏ လူဖြစ်သနည်း။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူ ပါစေသော။ ယုဒပြည်ယေရုရှလင်မြို့သို့ သွား၍ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို တည်ဆောက်စေ။ ယေရုရှလင်မြို့၌ ရှိတော်မူသော ဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။
Ezra 6:12ယေရုရှလင်မြို့၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ ပျက်စီးစေခြင်းငှါ ပြုသောရှင်ဘုရင်နှင့် ဆင်းရဲသား အပေါင်းတို့ကို၊ ထိုအရပ်၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော။ ငါဒါရိ သည် အမိန့်တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင် အမြန်ပြုစေဟု ပေးလိုက်သတည်း။
Ezra 7:25သင်ဧဇရသည်လည်း၊ သင်၏ဘုရားသခင် တရားကို နားလည်သော၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ၎င်း၊ မင်း များ၊ တရားသူကြီးများကို သင်၏ဘုရားသင့် ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။
Ezra 8:25ရှင်ဘုရင်မှစ၍ အတွင်းဝန်၊ မှူးတော်မတ်တော်၊ စည်းဝေးသော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ငါတို့၏ဘုရားသခင့် အိမ်တော်အဘို့ လှူသောပူဇော် သက္ကာ၊ ရွှေ၊ ငွေ၊ တန်ဆာတည်းဟူသော၊
Isaiah 8:20တရားတော်ကို၎င်း၊ သက်သေခံတော်မူချက်ကို၎င်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အာရုဏ်မတတ် သေး။
Daniel 6:20ရောက်လျှင်၊ ငိုကြွေးသော အသံနှင့် ဒံယေလကို ခေါ်၍၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ ကျွန်ဒံယေလ၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင် သည် သင့်ကိုခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ၏။