The Bible Software
bible.software › ဧဇရမှတ်စာ › ဧဇရမှတ်စာ 9 › ဧဇရမှတ်စာ 9:13

ဧဇရမှတ်စာ 9:13

အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား တည်းဟူသော ကိုယ်တော်သည် အကျွန်ုပ်တို့ခံထိုက်သမျှ သော အပြစ်ဒဏ်ကို ပေးတော်မမူသော်လည်း၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ပြုမိသော ဒုစရိုက်အမှု၊ ကြီးစွာသော လွန်ကျူးခြင်းအပြစ်ကြောင့်၊ ဤမျှလောက် ခံရပြီးမှ၎င်း၊ ကိုယ်တော်သည် ဤမျှလောက် ချမ်းသာပေးတော်မူပြီး မှ၎င်း၊

1835 Judson Burmese Bible

In The King James Version

And after all that is come upon us for our evil deeds, and for our great trespass, seeing that thou our God hast punished us less than our iniquities deserve, and hast given us such deliverance as this;

In Context

12ကိုယ်တော်က၊ သင်တို့သွား၍ သိမ်းယူလတံ့ သောပြည်သည်၊ ပြည်သူပြည်သားတို့ အညစ်အကြေး ကြောင့် ညစ်ညှုးသော ပြည်ဖြစ်၏။ တပြည်လုံးကို ရွံရှာဘွယ်အမှုတို့နှင့် ပြည့်စုံစေကြပြီ။ သို့ဖြစ်၍ သင်တို့ သမီးကို သူတို့သားအား မပေးစားကြနှင့်။ သူတို့၏သမီး ကို သင်တို့သားနှင့် မစုံဘက်စေကြနှင့်။ သူတို့ချမ်းသာနှင့် သူတို့စည်းစိမ်ကို အလျှင်းမပြုစုကြနှင့်။ သင်တို့သည် ခွန်အားကြီး၍ မြေအသီးအနှံကို စားရသောအခွင့်၊ ထိုမြေ ကို ကိုယ်သားမြေးတို့၌ နစ္စအမွေဖြစ်စေ၍၊ အပ်ရသော အခွင့်ရှိစေခြင်းငှါ၊ ထိုသို့ကျင့်၍ နေကြလော့ဟု ကိုယ် တော် ကျွန်၊ ပရောဖက်တို့အားဖြင့် မှာထားတော်မူသော ပညတ်စကားတော်ကို အကျွန်ုပ်တို့သည် နားမထောင်ပါ တကား။

14အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တဖန်လွန်ကျူး၍၊ ဤရွံရှာဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုးနှင့်ပေါင်းဘော်လျှင် တယောက်မျှမလွတ်၊ မကျန် ကြွင်းစေခြင်းငှါ၊ အမျက်တော်ထွက်၍ အကျွန်ုပ်တို့ကို ဖျက်ဆီးတော်မူမည်မဟုတ်လော။

Read all of ဧဇရမှတ်စာ 9

Cross References

Nehemiah 9:32သို့ဖြစ်၍၊ အို အကျွန်ုပ်တို့၏ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဘွယ်သော ဘုရား၊ ကရုဏာပဋိညာဉ်တော်ကို စောင့်တော်မူသော ဘုရား၊ အာရှုရိရှင်ဘုရင်လက်ထက်မှစ၍ ယနေ့တိုင် အောင်၊ အကျွန်ုပ်တို့ ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူ အပေါင်းတို့အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။

Psalms 103:10ငါတို့ပြစ်မှားခြင်းနှင့် အလျောက်ငါတို့၌ ပြုတော် မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊

Lamentations 3:22ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာ တော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။

Ezekiel 24:13သင်၏အညစ်အကြေး၌ အဓမ္မအမှုပါ၏။ ငါဆေးကြော၍ သင်သည်ဆေးကြောခြင်းကို မခံသော ကြောင့်၊ ငါ၏အမျက်အရှိန်သည် သင့်အပေါ်သို့ မရောက် မချင်းတိုင်အောင်၊ သင်၏အညစ်အကြေးကို မဆေး ကြောရ။

Galatians 3:4ဤမျှလောက်ဆင်းရဲခြင်းကို အချည်းနှီး ခံကြပြီလော။ အချည်းနှီး သက်သက်ဖြစ်ရမည်လော။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဧဇရမှတ်စာ 9:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဧဇရမှတ်စာ 9:12ဧဇရမှတ်စာ 9ဧဇရမှတ်စာ 9:14 →