ဂလာတိဩဝါဒစာ 6:13
အရေဖျားလှီးခြင်းကိုခံသောသူတို့သည် ပညတ်တရားကို ကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏ အသွေး အဆင်းကို အမှီပြုလျက်ဝါကြွားလို၍ သင်တို့ကို အရေဖျားလှီးခြင်းကိုခံစေခြင်းငှါ အလိုရှိကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Matthew 23:3ထို့ကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ပြုကြလော့။ သူတို့၏ အကျင့်အတိုင်း မကျင့် ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။
Matthew 23:23လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။
Romans 2:17သင်သည် ယုဒလူဟု သမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရားသခင်ကို အမှီပြု၍ ဝါကြွားသောသူ၊
1 Corinthians 3:21ထိုသို့ဖြစ်လျှင်၊ အဘယ်သူမျှလူတို့၌ ဝါကြွား ခြင်းမရှိစေနှင့်။ ခပ်သိမ်းသောအရာတို့သည် သင်တို့ အဘို့ဖြစ်ကြ၏။
2 Corinthians 11:18လူများတို့သည် လောကီအခြင်းအရာ၌ ဝါကြွား သောကြောင့် ငါသည်လည်းဝါကြွားရ၏။
2 Peter 2:19လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင်၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း၏ကျွန်ဖြစ်ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ လူကို နိုင်သောအရာသည် လူ၏ သခင် ဖြစ်၏။