ကမ္ဘာဦးကျမ်း 1:12
မြေသည်မြက်ပင်ကို၎င်း စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုး ကို ဖြစ်စေသော သစ်ပင်ကို၎င်း ပေါက်စေ၏။
1835 Judson Burmese Bible
In The King James Version
In Context
13ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် တတိယနေ့ရက် ဖြစ်လေ၏။
Cross References
Isaiah 55:10မိုဃ်းရေနှင့် မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင် မှ ဆင်းသက်၍ နောက်တဖန်မပြန်၊ မြေသည် မျိုးစေ့ကြဲ သောသူအား မျိုးစေ့ကို၎င်း၊ အစာစားသောသူအား အစာကို၎င်းပေးမည်အကြောင်း၊ မြေကို စိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊
Matthew 13:24အခြားသော ဥပမာစကားကိုမိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုး စေ့ကို လယ်၌ကြဲသောသူနှင့်တူ၏။
Luke 6:44အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ ၌ စပျစ်သီးကိုမဆွတ်တတ်။
Galatians 6:7အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။