ကမ္ဘာဦးကျမ်း 11:31
တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏သား ဖြစ်သောမြေး လောတကို၎င်း၊ သားအာဗြံ၏မယားဖြစ် သော မိမိ ချွေးမစာရဲကို၎င်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့်၊ ခါရန်မြို့သို့ ရောက်၍နေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
30စာရဲမူကား မြုံသော မိန်းမဖြစ်၍ သားသမီးမရှိ။
32တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌ သေလေ၏။
Cross References
Genesis 11:26တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
Genesis 12:4ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံ သည် ခါရန်မြို့မှ ထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။
Genesis 14:12သောဒုံမြို့၌နေသော အာဗြံအစ်ကိုသား လောတနှင် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
Genesis 24:10ထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုပ်စုထဲက၊ ကုလား အုပ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါဘာမိ တိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
Genesis 27:43ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန် နေရာခါရန်မြို့သို့ ထ၍ ပြေးသွား ပါလော့။
Genesis 29:4ယာကုပ်ကလည်း၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်အရပ်က လာကြသနည်းဟု မေးလျှင်၊ငါတို့သည် ခါရန်မြို့က လာကြသည်ဟုပြောဆိုလေ၏။