ကမ္ဘာဦးကျမ်း 12:16
ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်များနှင့်ကြွယ်ဝ၏။
1835 Judson Burmese Bible
In The King James Version
In Context
15ဖါရောဘုရင်၏မှူးတော်မတ်တို့လည်း မြင်၍၊ ရှေ့တော်၌ ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။
Cross References
Genesis 16:1အာဗြံ၏ မယားစာရဲ၌ သားဘွားခြင်းမရှိသဖြင့်၊ အဲဂုတ္တုပြည်သူဟာဂရအမည်ရှိသော ကျွန်မတယောက် ရှိသည်ဖြစ်၍၊
Genesis 24:35ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန် ကောင်းကြီးပေးတော်မူသဖြင့်၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ။
Genesis 32:5ကျွန်တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန် ယောက်ျား မိန်းမများ ရှိကြပါ၏။ ကျွန်တော်သည် သခင်၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ၊ လျှောက်ကြားလိုက်ပါ သည်ဟု၊ ငါ့သခင်ဧသောကို လျှောက်ကြဟု မှာလိုက် လေ၏။
Job 1:3သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။
Psalms 144:13အကျွန်ုပ်တို့၏ ဘဏ္ဍာတိုက်တို့သည် အစား အသောက်အသုံးအဆောင်များနှင့်ပြည့်စုံခြင်း၊ သိုးတို့ သည် ပြင်အရပ်တို့၌ အထောင်အသောင်းမွေးဘွားခြင်း၊