ကမ္ဘာဦးကျမ်း 12:5
အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌ရသော လူတို့ကို ၎င်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ ရောက်ခြင်းငှါ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 10:19ခါနာန်အမျိုးသား နေရာပြည်နယ်သည် ဇိဒုန်မြို့မှဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း တဖန်သောဒုမြို့၊ ဂေါမာရမြို့၊ အာဒမာမြို့ ဇောဘိုင်မြို့ကိုလွန်၍ လာရှမြို့ တိုင်အောင်၎င်း ရှိသတည်း။
Genesis 11:31တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏သား ဖြစ်သောမြေး လောတကို၎င်း၊ သားအာဗြံ၏မယားဖြစ် သော မိမိ ချွေးမစာရဲကို၎င်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့်၊ ခါရန်မြို့သို့ ရောက်၍နေကြ၏။
Genesis 14:14အာဗြံသည် မိမိ အစ်ကိုသားကို ဘမ်းသွား ကြောင်းကိုကြားလျှင်၊ မိမိအိမ်၌ ဘွား၍ သွန်သင်သော လူသုံးရာတဆယ်ရှစ်ယောက်တို့ကို စီရင်၍၊ ဒန်မြို့ တိုင်အောင်လိုက်လေ၏။
Genesis 46:5တဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဘို့ ဖါရောမင်းပေးလိုက်သော လှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကို ဆောင်လျက်၊
Hebrews 11:8အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူ သောအခါ၊ သူသည်အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင် ၍ ထွက်သွားလေ၏။