ကမ္ဘာဦးကျမ်း 17:13
ကိုယ်အိမ်၌ ဘွားသောသူ၊ ကိုယ်ငွေနှင့်ဝယ် သောသူသည်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 9:16မိုဃ်းတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဏ်ကို ငါအောက်မေ့မည်။
Genesis 15:3တဖန်အာဗြံက အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ ဘွားသောသူသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။
Genesis 37:36ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည် သို့ ဆောင်သွား၍၊ ဖါရောဘုရင်၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖါထံမှာ ရောင်းကြ၏။
Exodus 12:44သို့ရာတွင် ငွေနှင့်ဝယ်သော ကျွန်သည် အရေဖျားလှီးမင်္ဂလာကို ခံပြီးလျှင် စားရ၏။
Exodus 21:4သို့မဟုတ် သခင်ပေးစားသောမယားရှိ၍ ထိုမယားသည် သားသမီးကို ဘွားမြင်လျှင်၊ မယားနှင့် သားသမီးတို့ကို သခင်ပိုင်ရမည်။ ကျွန်မူကား၊ တယောက်တည်းထွက်ရမည်။
Leviticus 22:11ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့် ဝယ်သောသူ၊ သူ၏ အိမ်၌မွေးသောသူသည် သူ၏အစာကို စားရမည်။