ကမ္ဘာဦးကျမ်း 17:23
အာဗြဟံသည်လည်း၊ သားဣမေလမှစ၍၊ ကိုယ်အိမ်၌ ဘွားသော သူအပေါင်း၊ ကိုယ်ငွေနှင့် ဝယ်သော သူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကို ယူ၍၊ ဘုရားသခင် မိန့်တော်မူ သည်အတိုင်း၊ တနေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
22မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည် အာဗြံဟံမှ တက်ကြွတော်မူ၏။
24အာဗြဟံသည် ကိုယ်တိုင်အရေဖျားလှီးမင်္ဂလာကို ခံသောအခါ၊ အသက်ကိုးဆယ်ကိုးနှစ်ရှိ၏။
Cross References
Genesis 17:10သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်။
Genesis 18:19အကြောင်းမူကား၊ သူသည် မိမိနောက်၌ ဖြစ်သော သားများ၊ အိမ်သူများတို့အား ပညတ်မည်အရာ ကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏ တရား လမ်းသို့ လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့် မည်။ သို့ဖြစ်၍ ဂတိတော်ရှိသည့်အတိုင်း၊ ထာဝရ ဘုရားသည် အာဗြဟံ၌ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
Joshua 5:2ထိုအခါ ထာဝရဘုရားသည် ယောရှုကိုခေါ်၍၊ သင်သည် ကျောက်ထားများကို လုပ်ပြီးလျှင်၊ ဣသရေလ အမျိုးသားတို့အား အရေဖျားလှီးမင်္ဂလာကို တဖန်ပေး လော့ဟု မိန့်တော်မူသည်အတိုင်း၊
Proverbs 27:1နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
Acts 16:3ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါအလိုရှိ၍၊ သူ၏အဘသည် ဟေလသလူဖြစ်သည်ကိုထိုအရပ်တို့၌ ရှိသောယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ၏။
Romans 4:9အရေဖျားလှီးခြင်းကိုခံသော သူတို့သာလျှင် ထိုမင်္ဂလာကို ရကြသလော။ သို့မဟုတ်အရေဖျားလှီးခြင်း ကိုမခံသော လူတို့သည်လည်း ရကြသလော။ အဘယ်ကြောင့်မေးသနည်းဟူမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။