ကမ္ဘာဦးကျမ်း 18:22
ထိုသူတို့သည် ထိုအရပ်မှ မျက်နှာလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြံဟံမူကား၊ ထာဝရဘုရား ရှေ့တော်၌ ရပ်နေလျက်ရှိသေး၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 18:1ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ၊ အာဗြဟံအား ထင်ရှားတော်မူသည် အကြောင်းအရာဟူ မူကား၊ နေပူသောအချိန်တွင် အာဗြဟံသည် တဲတံခါးဝ၌ ထိုင်လျက်၊
Genesis 19:1ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါ ထ၍ မြေ၌ ဦးညွှတ်ချလျက်၊
Psalms 106:23ထိုအခါ ရွေးကောက်တော်မူသော မောရှေသည် အမျက်တော်ကို လွှဲ၍၊ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေ ခြင်းငှါ၊ ဖျက်ဆီးရာအရပ်၊ ရှေ့တော်၌ မရပ်လျှင်၊ သူတို့ကို ဖျက်ဆီးမည်ဟု အကြံရှိတော်မူ၏။
Jeremiah 18:20ကျေးဇူးပြုသော အတွက်အပြစ်ပေးသင့်ပါမည် လော။ သူတို့သည် အကျွန်ုပ်အသက်ဘို့ တွင်းကိုတူးကြ ပါပြီ။ အကျွန်ုပ်သည် သူတို့ အကျိုးအလိုငှါ လျှောက်၍၊ သူတို့မှ အမျက်တော်ကို လွှဲခြင်းငှါ၊ ရှေ့တော်၌ ရပ်နေ ကြောင်းကို အောက်မေ့တော်မူပါ။
Acts 7:55သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ယေရှုရပ်နေသည်ကို၎င်း မြင်လျှင်၊