ကမ္ဘာဦးကျမ်း 19:3
ကျပ်ကျပ်သွေးဆောင်သောကြောင့် တဖန် လောတနောသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတ လည်း သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 18:6အာဗြဟံသည်လည်း၊ တဲအတွင်း၌ရှိသော စာရာ ဆီသို့ အလျင်အမြန်ဝင်ပြီးလျှင်၊ ဂျုံမုန့်ညက်သုံးစလယ်ကို အသော့ပြင်၍နယ်ပါ။ ပေါင်မုန့်ကို လုပ်ပါဟုဆိုလေ၏။
Exodus 12:15ခုနစ်ရက်ပတ်လုံး တဆေးမပါသောမုန့်ကို စားရမည်။ ပဌမနေ့ရက်၌ တဆေးကို အိမ်များမှပယ်ရမည်။ ပဌမနေ့မှစ၍ ခုနစ်ရက်နေ့တိုင်အောင်၊ တဆေးပါသောမုန့်ကို စားသောသူမည်သည်ကား၊ ဣသရေလအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။
Judges 6:19ဂိဒေါင်သည် သွား၍ ဆိတ်သငယ်တကောင်ကို၎င်း၊ မုန့်ညက်တဧဖာနှင့် လုပ်သော တဆေးမဲ့ မုန့်ပြားတို့ကို၎င်း ပြင်ဆင်လေ၏။ ဆိတ်သားကို တောင်း၌ထည့်၍၊ ဆိတ်သားပြုတ်ရည်ကို အိုး၌လောင်းပြီးမှ၊ ကောင်းကင်တမန်ရှိရာ သပိတ်ပင်အောက်သို့ ဆောင်ခဲ့၍ ဆက်လေ၏။
2 Kings 4:8တနေ့သ၌ ဧလိရှဲသည်ရှုနင်မြို့သို့ သွားရာတွင်၊ ထိုမြို့၌ ထင်ရှားသောမိန်းမတယောက်သည် ဧလိရှဲကို ကျွေးခြင်းငှါ ခေါ်ပင့်လေ၏။ နောက်မှထိုလမ်းသို့ သွား သောအခါ၊ ကျွေးခြင်းကို ခံအံ့သောငှါ ထိုအိမ်သို့ ဝင်တတ်၏။
Luke 11:8ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေးသော်လည်း၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ၍လိုချင်သမျှကို ပေးလိမ့်မည်။
Luke 24:28ထိုတပည့်တော်တို့သည် သွားသောရွာအနီးသို့ ရောက်သောအခါ၊ ကိုယ်တော်သည် ထိုရွာကို လွန်၍ သွားအံ့သော အခြင်းအရာကို ပြတော်မူလျှင်၊