The Bible Software
bible.software › ကမ္ဘာဦးကျမ်း › ကမ္ဘာဦးကျမ်း 20 › ကမ္ဘာဦးကျမ်း 20:5

ကမ္ဘာဦးကျမ်း 20:5

သူသည် ငါနှမဖြစ်၏ဟု အကျွန်ုပ်အားယောက်ျားဆိုသည် မဟုတ်ပါလော။ အကျွန်ုပ်အား သူသည်ငါ့မောင့်ဖြစ်၏ဟု မိန်းမလည်း ဆိုသည် မဟုတ် ပါလေ။ ဖြောင့်မတ်သော သဘောရှိ၍ သန့်ရှင်းသော လက်နှင့် ဤအမှုကို အကျွန်ုပ်ပြုပါပြီဟု လျှောက်ဆို၏။

1835 Judson Burmese Bible

In The King James Version

Said he not unto me, She is my sister? and she, even she herself said, He is my brother: in the integrity of my heart and innocency of my hands have I done this.

In Context

4အဘိမလက်သည်၊ ထိုမိန်းမနှင့် မပေါင်းဘော်သေးသည်ဖြစ်၍၊ အိုဘုရားရှင်၊ ဖြောင့်မတ်သော လူမျိုးကို ကွပ်မျက်တော်မူမည်လော။

6ထိုအိပ်မက်၌ ဘုရားသခင်ကလည်း၊ မှန်ပေ၏။ သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကို ငါသိ၏။ သင်သည်ငါ့ကို မပြစ်မှားစေခြင်းငှါ၊ သင့်ကို ငါ ဆီးတားပြီး။ သို့ဖြစ်၍ ထိုမိန်းမနှင့် ပေါင်းဘော်ရသော အခွင့်ကို ငါမပေး။

Read all of ကမ္ဘာဦးကျမ်း 20

Cross References

Joshua 22:22မြတ်စွာဘုရားသခင် ထာဝရဘုရား၊ မြတ်စွာဘုရား သခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ၏။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ၍၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှါ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ ဘေးမလွတ်ပါစေနှင့်။

2 Kings 20:3အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့ တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေး လျက် ထာဝရဘုရားကို ဆုတောင်းလေ၏။

Job 33:9ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မပြုတတ်။ ငါ၌အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။

Psalms 7:9မတရားသော သူတို့၏ ဓမ္မအမှုကိုဆုံးရှုံး၍၊ တရားသောသူတို့ကိုမြဲမြံစေတော်မူပါ။ တရားသဖြင့် ပြုတော်မူသော ဘုရား၊ ကိုယ်တော်သည် နှလုံးနှင့် ကျောက်ကပ်ကို စစ်တော်မူတတ်ပါ၏။

Psalms 25:21ကိုယ်တော်ကိုမြော်လင့်လျက် နေပါသည်ဖြစ်၍၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပစေသော။

Psalms 73:13အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော် လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ကမ္ဘာဦးကျမ်း 20:5

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ကမ္ဘာဦးကျမ်း 20:4ကမ္ဘာဦးကျမ်း 20ကမ္ဘာဦးကျမ်း 20:6 →