ကမ္ဘာဦးကျမ်း 21:27
အာဗြဟံသည်လည်း သိုး၊ နွားတို့ကို ယူပြီးလျှင်၊ အဘိမလက်အား ပေး၍ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ ၏။
1835 Judson Burmese Bible
In The King James Version
And Abraham took sheep and oxen, and gave them unto Abimelech; and both of them made a covenant.
In Context
28အာဗြဟံသည်လည်းသိုးသငယ်မ ခုနစ်ကောင် တို့ကို သိုးစုနှင့်ခွဲထားလေ၏။
Cross References
Genesis 14:22အာဗြံက၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီး သော အရာကို၎င်း၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်း၊ ထား၍၊ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ ခြေနင်းကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှ ငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။
Genesis 26:31နံနက်စောစောထ၍၊ အချင်းချင်းတဦးနှင့် တဦး သစ္စာပြုလိုက်ပြီးမှ၊ ဣဇက်သည်။ ဣဇာက်သည် သူ့တို့ကို လွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ၏။
1 Samuel 18:3ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိဿဟာယ ဖွဲ့ပြီးလျှင်၊-
Proverbs 18:16လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်း လင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ်၏။
Proverbs 21:14တိတ်ဆိတ်စွာ ပေးသောလက်ဆောင်သည် သူ့စိတ်ကို၎င်း၊ ရင်ခွင်၌ချထားသော လက်ဆောင်ပဏ္ဏာ သည် ပြင်းစွာသော အမျက်ကို၎င်း ဖြေတတ်၏။
Ezekiel 17:13ဆွေတော်မျိုးတော်ထဲက တယောက်ကိုယူ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။