ကမ္ဘာဦးကျမ်း 24:45
ထိုသို့စိတ်နှလုံး၌ လျှောက်ဆို၍မပြီးမှီ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့်၊ ရေတွင်းသို့ ဆင်း၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင်၊ ရေသောက်ပါရ စေဟု သူ့ကိုတောင်းလေသော်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 24:15ထိုသို့လျှောက်ဆို၍မပြီးမှ၊ အာဗြဟံအစ်ကိုနား ခေါ်မယား မိလခါသား၊ ဗေသွေလ၏သမီး ရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
1 Samuel 1:13စိတ်နှလုံးနှင့် ဆုတောင်း၍ နှုတ်ခမ်းလှုပ်သော်လည်း၊ စကားသံမထွက်သောကြောင့်၊ ယစ်မူးသည်ဟု ဧလိထင်လျက်၊
Nehemiah 2:4ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင် သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော် ဘိုးဘေးသင်္ချိုင်းရှိရာမြို့ကို ကျွန်တော် ပြုစု ရမည်အကြောင်း၊
Isaiah 65:24ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက် စဉ်တွင်ပင် ငါနားထောင်မည်။
Daniel 9:23သင်သည် ဆုတောင်းစပြုသောအခါ အမိန့် တော်ရှိသည်ဖြစ်၍ သင့်အားကြားပြောခြင်းငှါ ငါရောက် လာပြီ။ သင်သည် အလွန်ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင်၍ နားလည် ရသော အခွင့်ရှိ၏။
Acts 4:24ထိုသူများတို့သည်ကြားရလျှင်၊ တညီတညွတ် တည်း ဘုရားသခင့် ထံသို့အသံကိုလွှင့်လျက်၊ အစိုးရတော် မူသေအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။