ကမ္ဘာဦးကျမ်း 24:65
ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှါ၊ တော၌လာသော ထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆို သောစကားကိုကြားလျှင်၊ ရေဗက္ကသည် မျက်နှာဖုံးကို ယူ၍ ဖုံးလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
64ရေဗက္ကသည်လည်း၊ မြော်ကြည့်၍ ဣဇာက်ကို မြင်သောအခါ၊ ကုလားအုပ်အပေါ်မှဆင်းပြီးလျှင်၊
66ကျွန်သည်လည်း၊ မိမိပြုလေသမျှတို့ကို ဣဇာက် အား ကြားပြောပြီးမှ၊
Cross References
Genesis 38:14မုတ်ဆိုးမအဝတ်ကို ချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့ သို့ သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု သိမြင်သောကြောင့်တည်း။
1 Corinthians 11:5မိန်းမမည်သည်ကား၊ မိမိခေါင်းကို မဖုံးဘဲ ဆုတောင်းသော်၎င်း၊ ပရောဖက်ပြုသော်၎င်း၊ မိမိခေါင်း အသရေကိုရှုတ်ချ၏။
1 Timothy 2:9ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲအဘိုးထိုက်သော အဝတ်နှင့် ကိုယ်ကို မဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့်၎င်း၊