ကမ္ဘာဦးကျမ်း 25:10
ဟေသအမျိုးသားတို့အား အဘိုးပေး၍ အာဗြဟံ ဝယ်သောလယ်ပြင်၌၊ အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း။
1835 Judson Burmese Bible
In The King James Version
The field which Abraham purchased of the sons of Heth: there was Abraham buried, and Sarah his wife.
In Context
11အာဗြဟံ သေသောနောက်၊ သားဣဇာက်ကို ဘုရားသခင် ကောင်းကြီးပေးတော်မူ၏။ ဣဇာက်သည် ဗေရလဟဲရောမြို့မှာ နေသတည်း။
Cross References
Genesis 23:9သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှါ၊ ဇောဟာသား ဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ ရှိသော မပ္ပေလပြေတွင်းကို၊ အဘိုးထိုက်သမျှ ငွေနှင့်ငါ့အား ရောင်းစေခြင်းငှါ၊ ငါ့အတွက်သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက်၍ ပြောဆို၏။
Genesis 23:17ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်ပြင်ကို၎င်း၊ လယ်ပြင်၌ ရှိသောမြေတွင်း နှင့်သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကို၎င်း၊
Genesis 49:31ထိုမြေတွင်း၌ အာဗြဟံနှင့် မယားစာရာကို သင်္ဂြိုဟ်ကြပြီ။ ဣဇာက်နှင့် မယားရေဗက္ကကိုလည်း သင်္ဂြိုဟ်ကြပြီ။ လေအာကိုလည်း ငါသင်္ဂြိုဟ်ပြီ။