ကမ္ဘာဦးကျမ်း 27:34
အဘဆိုသော စကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာ ငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊
1835 Judson Burmese Bible
In The King James Version
In Context
35အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။
Cross References
1 Samuel 30:4ငိုသံကို လွှင့်၍ အားကုန်သည် တိုင်အောင် ငိုကြွေးကြ၏။
Proverbs 1:24ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊
Proverbs 19:3လူသည် မိုက်သောသဘောကြောင့်၊ လမ်းလွဲ၍ စိတ်ထဲမှာ ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်တတ်၏။
Hebrews 12:17သင်တို့သိသည်အတိုင်း၊ ဧသောသည်နောက်မှ ကောင်းကြီးမင်္ဂလာကို အမွေခံခြင်းငှါအလိုရှိသောအခါ၊ ငြင်းပယ်ခြင်းကိုခံရ၏။ မျက်ရည်ကျ၍ ကောင်းကြီးမင်္ဂလာကို အလွန်ရှာသော်လည်း၊ မိမိအဘ၏ စိတ် ပြောင်းလဲခြင်း အခွင့်ကိုမတွေ့မရ။