ကမ္ဘာဦးကျမ်း 28:14
သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြား လိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့နှံ့ပြားကြလိမ့်မည်။ သင်နှင့်သင်၏အမျိုး အနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 12:3သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Genesis 13:16သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကို ရေတွက်နိုင်လျှင်၊ သင်၏ အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။
Genesis 22:18သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်း တို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏ စကားကို သင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုလေ၏။
Genesis 32:12ကိုယ်တော်က၊ ငါသည်သင်၌ အမှတ်ကျေးဇူး ပြု၍၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံး နှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျောက်လေ၏။
Exodus 32:13ကိုယ်တော်က သင်တို့ အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့ အမျိုးအနွယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲ အမွေခံရကြလိမ့်မည်ဟု ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသော စကားကို ခံခဲ့ပြီးသော ကိုယ်တော်၏ ကျွန်အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။
Deuteronomy 12:20သင်၏ဘုရားသခင် ထာဝရဘုရားသည် ဂတိ တော်ရှိသည်အတိုင်း၊ သင်၏နေရာ ပြည်ကို ကျယ်စေ တော်မူသောအခါ၊ သင်သည် အမဲသားကို စားချင်သော စိတ်ရှိ၍၊ အမဲသားကို ငါစားမည်ဟုဆိုလျှင်၊ စားချင်တိုင်း စားရသောအခွင့်ရှိ၏။