ကမ္ဘာဦးကျမ်း 29:17
လေအာကား၊ မျက်စိနုညံ့၏။ ရာခေလကား၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှ၏။
1835 Judson Burmese Bible
In The King James Version
Leah was tender eyed; but Rachel was beautiful and well favoured.
In Context
16ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး ကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည် ရှိ၏။
Cross References
Genesis 24:16ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ၍၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ ၏။
Genesis 29:16ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး ကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည် ရှိ၏။
Genesis 30:1ရာခေလသည် ယာကုပ်အား သားမဘွား ကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကို ငြူစူသော စိတ်ရှိ၍၊ ငါ့အား သားကို ပေးပါ။ သို့မဟုတ် ငါသေတော့ အံ့ဟု ယာကုပ်ကို ဆိုလေ၏။
Genesis 35:19ရာခေလသေ၍၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွားသော လမ်းခရီးတွင်၊ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။
Genesis 39:6သခင်သည် မိမိ၌ရှိသမျှကို ယောသပ်လက်သို့ အပ်၍၊ မိမိစားသောအစာမှတပါး အခြားသော ဥစ္စာ ရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင် ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်၏။
Genesis 48:7ငါသည်ပါဒနာရံအရပ်မှ လာသည်ကာလ၊ ခါနာန်ပြည်၌ ခရီးသွား၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ သင့်အမိရာခေလသည် ငါ့အနားမှာ သေရှာ၏။ သေ သောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွား သောလမ်း၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို၏။