ကမ္ဘာဦးကျမ်း 29:25
နံနက်အချိန်ရောက်မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင်၊ လာဗန် ထံသို့သွား၍ ကျွန်ုပ်၌ပြုသောအမှုကား၊ အဘယ်သို့နည်း။ ကျွန်ုပ်သည် ရာခေလကိုရခြင်းငှါ အစေခံရပြီ မဟုတ်လော။ ကျွန်ုပ်ကို အဘယ်ကြောင့် လှည့်စားရသနည်းဟု ဆိုသော်၊
1835 Judson Burmese Bible
In The King James Version
In Context
26လာဗန်က၊ ငါတို့ပြည်၌ သမီးအကြီးကို မပေးစားမှီ၊ အငယ်ကို မပေးစားရ။
Cross References
Genesis 27:35အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။
Genesis 31:26လာဗန်ကလည်း၊ သင်သည် အဘယ်သို့ ပြုသ နည်း။ စစ်တိုက်ရာ၌ ဘမ်းမိသောသူတို့ကို သိမ်းသွား သကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွား လေပြီတကား။
Proverbs 11:31ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။
Matthew 7:12သင်တို့သည် ကိုယ်၌သူတပါးပြုစေလိုသမျှအတိုင်းသူတပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်း နှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အချာပင် ဖြစ်သတည်း။
1 Corinthians 3:13အသီးသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဘော်ပြချိန် နေ့ရက် သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့်မည်။