ကမ္ဘာဦးကျမ်း 30:2
ယာကုပ်ကလည်း၊ ငါသည် သင့်အား သားဘွား သောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု၊ ရာခေလကို အမျက်ထွက်၍ ပြန်ဆို ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 20:18အထက်က အာဗြံဟံ၏ မယားစာရာကြောင့် ထာဝရဘုရားသည် အဘိမလက်၏အိမ်သူ၊ မိန်းမ တယောက်မျှ ပဋိသန္ဓေမယူစေခြင်းငှါ စစီရင်တော်မူသတည်း။
Genesis 29:31လေအာသည် အမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍၊ သားဘွားရသောအခွင့်ကို ပေးတော်မူ ၏။ ရာခေလမူကား မြုံ၏။
Genesis 50:19ယောသပ်ကလည်း၊ မစိုးရိမ်ကြနှင့်။ ကျွန်ုပ်သည် ဘုရားသခင် ကိုယ်စားဖြစ်သလော။
Deuteronomy 7:13သင့်ကိုချစ်သဖြင့် ကောင်းကြီးပေး၍ များပြား စေတော်မူမည်။ သင့်အား ပေးခြင်းငှာ၊ သင်၏ဘိုးဘေးတို့ အား ကျိန်ဆိုတော်မူသောပြည်၌ သင်ဘွားမြင်သော သားတို့ကို ၎င်း၊ သင်၏မြေ အသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား အစီးအပွား၊ သိုးစုတို့ကို၎င်း ကောင်းကြီးပေး တော်မူမည်။
1 Samuel 2:5ဝစွာစားသောသူတို့သည် စားစရာကို ရခြင်းငှါ၊ သူငှါး လုပ်ကြရပြီ။ ငတ်မွတ်သော သူတို့မူကား၊ တဖန် ဝကြပြီ။ မြုံသောသူသည် ခုနှစ်ကြိမ်တိုင်အောင် ဘွားမြင်ပြီ။ သားများသောသူမူကား၊ တဖန် အားလျော့ပြီ။
Psalms 113:9မြုံနေသောမိန်းမသည် အိမ်၌နေ၍၊ဝမ်းမြောက် သောစိတ်နှင့် သားဘွားရသော အခွင့်ကို ပေးတော်မူ၏။ ဟာလေလုယ။