ကမ္ဘာဦးကျမ်း 30:20
ဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဘွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟု ဆို၍၊ ထိုသားကို ဇာဗုလုန် အမည်ဖြင့် မှည့်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
19တဖန် လေအာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား ဆဌမသားကို ဘွားမြင်လေသော်၊
21ထိုနောက်မှ သမီးကိုဘွား၍၊ ဒိနအမည်ဖြင့် မှည့်လေ၏။
Cross References
Genesis 30:15လေအာက၊ သင်သည် ငါ့လင်ကိုယူ၍ အတွက် မရှိထင်သလော။ ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင် သေးသည်တကားဟု ဆိုလေသော်၊ ရာခေလက၊ သို့ဖြစ် လျှင်၊ သင့်သား၏ အနုဆေးသီးအတွက်၊ လင်သည် ယနေ့ ညဉ့်တွင် သင်နှင့်အိပ်ရမည်ဟု ဆို၏။
Genesis 46:14ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။
Deuteronomy 27:13ကျိန်ခြင်းအလိုငှာ၊ ဧဗလတောင်ပေါ်မှာ ရပ်ရ သော သူဟူမူကား၊ ရုဗင်၊ ဂဒ်၊ အာရှာ၊ ဇာဗုလုန်၊ ဒန်၊ နဿလိတည်း။
Judges 5:14အာမလက်လူနေရာအနားမှာ နေရာကျသော သူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲက မင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။
Matthew 4:13နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။