ကမ္ဘာဦးကျမ်း 31:12
သူကလည်း မြော်၍ကြည့်လော့။ တိရစ္ဆာန်မနှင့် ပေါင်းဘော်သော တိရစ္ဆာန်အထီး ရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြ ၏။ အကြောင်းမူကား၊ သင်၌လာဗန်ပြုသမျှတို့ကို ငါမြင် ၏။
1835 Judson Burmese Bible
In The King James Version
In Context
11ဘုရားသခင်၏ကောင်းကင်တမန်ကလည်း၊ ယာကုပ်ဟု အိပ်မက်၌ ငါ့ကိုခေါ်လျှင်၊ ကျွန်ုပ်ရှိပါ၏ဟု ငါထူး၏။
Cross References
Genesis 30:42အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကို မပြမထား။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လေ၏။ အားကြီးသော အကောင်တို့မူ ကား၊ ယာကုပ်၏ ဥစ္စာဖြစ်လေ၏။
Exodus 3:7ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကို စေခိုင်းသော သခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်း ဝေဒနာကို ငါသိ၏။
Leviticus 19:13ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာကို မတရားသဖြင့် မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှါးခံ ထိုက်သော အခကို တညဉ့်လုံး နံနက်တိုင်အောင် မထားရ။
Psalms 10:14သို့သော်လည်း၊ ကိုယ်တော်သည် မြင်တော်မူပြီ။ အကြောင်းမူကား၊ ပင်ပန်းစေခြင်းနှင့် နှောင့်ရှက်စေခြင်း ကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူ တတ်ပါ၏။ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကို အပ်တတ်ပါ၏။ ကိုယ်တော်သည် မိဘမရှိသော သူ၏ ခိုလှုံရာဖြစ်တော်မူ၏။
Psalms 139:3အကျွန်ုပ်သွားသောလမ်းကို၎င်း၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အကျွန်ုပ်ကျင့်သော အကျင့်အလုံးစုံတို့ကို ကျွမ်းတော်မူ၏။
Acts 7:34အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့သည် ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ညည်းတွား မြည် တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ကို ကယ်နှုတ် ခြင်းငှါ ငါဆင်းလာပြီ။ ယခုသွားလော့။ သင့်ကို အဲဂုတ္တု ပြည်သို့ငါစေလွှတ်မည်ဟု ဗျာဒိတ်တော်ရှိ၏။