ကမ္ဘာဦးကျမ်း 31:27
ငါ့ကို လှည့်စား၍၊ အဘယ်ကြောင့် တိတ်ဆိတ် စွာ ထွက်ပြေးသနည်း။ ငါသည် ပျော်မွေ့ခြင်းကိုပြု၍ သီခြင်းဆိုလျက်၊ ပတ်သာနှင့် စောင်းတီးလျက်၊ သင့်ကို လွှတ်လိုက်စေခြင်းငှါ၊ အဘယ်ကြောင့် ငါ့ကိုမကြား မပြောဘဲ နေသနည်း။
1835 Judson Burmese Bible
In The King James Version
In Context
28ငါ့သားသမီးတို့ကို ငါနမ်းစေခြင်းငှါ၊ အဘယ် ကြောင့် အခွင့်မပေးသနည်း။ သင်သည် မိုက်စွာ ပြုလေ ပြီတကား။
Cross References
Genesis 24:59သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကို၎င်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကို၎င်း လွှတ်လိုက် ကြ၏။
Genesis 31:20ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ၍၊ ရှုရိလူဖြစ်သော လာဗန်ကို ပရိယာယ်အားဖြင့် နိုင်လေ၏။
Exodus 15:20အာရုန်၏ အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကို ကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက် လိုက်သွားကြ၏။
Job 21:11သူတို့သူငယ်များကို သိုးစုကဲ့သို့လွှတ်၍၊ သားသမီးတို့သည် ကခုန်တတ်ကြ၏။