ကမ္ဘာဦးကျမ်း 31:44
သို့ဖြစ်၍၊ ယခုသင်နှင့် ငါစပ်ကြား၌ သက်သေ ဖြစ်စေ၍၊ ငါတို့နှစ်ယောက်သည် ပဋိညာဉ်ပြုကြစို့ဟု ယာကုပ်အား ပြန်ပြော၏။
1835 Judson Burmese Bible
In The King James Version
In Context
45ယာကုပ်သည်လည်း ကျောက်ကိုယူ၍၊ မှတ်တိုင် ဘို့ စိုက်ထူပြီးလျှင်၊
Cross References
Genesis 21:22ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလတို့သည် အာဗြဟံကို ခေါ်၍၊ သင်သည် ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။
Genesis 31:48လာဗန်ကလည်း၊ ယနေ့ဤကျောက်ပုံသည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်သည်ဟုဆို၏။ ထိုကြောင့် ဂိလဒ်ဟူ၍ သမုတ်ကြ၏။
Deuteronomy 31:19ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထို သီချင်းကို ဣသရေလအမျိုးတဘက်၌ ငါ့အဘို့ သက်သေ ဖြစ်စေခြင်းငှာ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေ ကြလော့။
Deuteronomy 31:26ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာ တင်ထားကြလော့။
Joshua 24:25ယောရှုသည် ထိုနေ့၌ လူများတို့နှင့် ပဋိညာဉ်ပြု ၍ ရှေခင်မြို့မှာ စီရင်ထုံးဖွဲ့ချက်ကို ထားလေ၏။