ကမ္ဘာဦးကျမ်း 31:54
ထိုအခါယာကုပ်သည် တောင်ပေါ်မှာ ယဇ် ပူဇော်၍၊ ညီအစ်ကိုများကို အစာစားစေခြင်းငှါ ခေါ်ဘိတ်သဖြင့်၊ သူတို့သည် စားသောက်၍၊ တောင်ပေါ် မှာ ညဉ့်ကို လွန်စေကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
55နံနက်စောစော လာဗန်ထ၍ မိမိသားသမီးများ ကို နမ်းလျက် ကောင်းကြီးပေးပြီးမှ၊ မိမိနေရာပြည်သို့ ပြန်သွားလေ၏။
Cross References
Genesis 21:8ထိုသူငယ်ဣဇာတ်သည် ကြီးပွား၍ နို့နှင့် ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြံဟံသည် ပွဲကြီး လုပ်လေ၏။
Genesis 37:25ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများ ကို ကုလားအုပ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊
1 Samuel 9:12ရှိပါ၏။ သင်တို့ရှေ့မှာ ရှိပါ၏။ အလျင်အမြန်သွားတော့။ မြင်သောသူသည် ဤမြို့သို့ ယနေ့လာပြီ။ လူများ တို့သည် မြင့်သောအရပ်၌ ယနေ့ယဇ်ပွဲကို ဆောင်ကြ၏။