ကမ္ဘာဦးကျမ်း 32:22
ညဉ့်မကုန်မှီထ၍ မယားနှစ်ယောက်၊ ကျွန်မ နှစ်ယောက်၊ သားတဆယ်နှင့် တယောက်တို့ကို ဆောင်ယူ ၍၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ၏။
1835 Judson Burmese Bible
In The King James Version
In Context
21ထိုသို့ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင် ကူးသွား၍၊ သူကိုယ်တိုင် ထိုညဉ့်၌ လူအစုအဝေးနှင့်အတူ အိပ်၍ နေ၏။
23ထိုသို့ သူတို့ကိုယူ၍ မိမိဥစ္စာရှိသမျှနှင့်တကွ ချောင်းတဘက်သို့ ကူးစေပြီးမှ၊
Cross References
Genesis 29:21ယာကုပ်ကလည်း၊ ချိန်းချက်သော အချိန်စေ့ ပါပြီ။ ကျွန်ုပ်သည် မယားနှင့် ဆက်ဆံဘို့ရာ ပေးစားပါဟု လာဗန်အားဆိုလျှင်၊
Genesis 35:22ထိုအရပ်၌နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့် အိပ်လေ၏။ ထိုသတင်း ကို ဣသရေလကြား၏။
Deuteronomy 3:16ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သော မြေနှင့် တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊
1 Timothy 5:8မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်း တရားကို ငြင်းပယ်၏။ မယုံကြည်ဘူးသော သူထက်သာ၍ ယုတ်မာ၏။