ကမ္ဘာဦးကျမ်း 32:29
ယာကုပ်ကလည်း၊ နာမတော်ကား အဘယ်သို့ နည်း။ အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက် လျှင်၊ ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ ကောင်းကြီးပေးတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 27:28ထိုကြောင့် ဘုရားသခင်ပင် မိုယ်းကောင်းကင် နှင့်ကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အား ပေးတော်မူစေသတည်း။
Genesis 28:13ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူ လျက်၊ ငါသည် သင်၏အဘ အာဗြဟံဘုရား၊ ဣဇာက်၏ ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ် သော မြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေး မည်။
Genesis 35:10သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ ၍ ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။
Deuteronomy 29:29မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရား သခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏ အငန်းအတာဖြစ်၍၊ ဤပညတ် တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အ ကြောင်းတည်း။
1 Kings 18:31သင်၏အမည်ကား ဣသရေလဖြစ်ရမည်ဟူသော ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သား အမျိုးအနွယ် အရေအတွက်အတိုင်း၊ ကျောက်တဆယ်နှစ်လုံးကိုယူ၍၊
1 Chronicles 1:34အာဗြဟံသား ကားဣဇာက်၊ ဣဇာက်သားကား ဧသောနှင့် ဣသရေလတည်း။