ကမ္ဘာဦးကျမ်း 33:10
ယာကုပ်ကလည်း၊ထိုသို့မဆိုပါနှင့်။ စိတ်တော် နှင့် တွေ့သည်မှန်လျှင်၊ ကျွန်တော်ဆက်သော လက် ဆောင်ကို ခံယူတော်မူပါ။ ဘုရားသခင်၏ မျက်နှာတော် ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏ မျက်နှာကို ဖူးမြင် ရပါ၏။ စိတ်တော်သည်လည်းနူးညွတ်ပါ၏။
1835 Judson Burmese Bible
In The King James Version
In Context
9ဧသောကလည်း၊ ငါ့ညီ၊ ငါ၌ လုံလောက်အောင် ရှိ၏။ သင်၏ဥစ္စာတို့ကို ယူထားဦးလော့ဟုဆို၏။
Cross References
Genesis 19:19ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရပါပြီ။ အကျွန်ုပ်အသက်ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ ပြုတော်မူသောကရုဏာ ကျေးဇူးများပြားလှပါ၏။ ဘေးလွတ်၍ တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံ တခုတွေ့၍ သေမည်ကို စိုးရိမ်ပါ၏။
Genesis 43:3ယုဒကလည်း၊ ထိုသူသည် ကျွန်ုပ်တို့ကို ကျပ်ကျပ် ခြိမ်းချောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကို မမြင်ရဟု ပြောထားပြီ။
Genesis 50:4ငိုကြွေးမြည်တမ်းသောနေ့ရက် လွန်သောအခါ၊ ယောသပ်သည် နန်းတော်သား အချို့တို့ကိုခေါ်၍၊ သင် တို့သည် ကျွန်ုပ်ကိုစေတနာစိတ်ရှိလျှင်၊ ဖာရောဘုရင် ထံတော်သို့သွား၍၊
Ruth 2:10ရုသသည်မြေပေါ်မှာဦးချပြပ်ဝပ်လျက်၊ ကျွန်မသည်တပါးအမျိုးသားဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း၊ အဘယ်သို့စိတ်တော်နှင့်တွေ့ရပါသနည်းဟုလျှောက်လေ၏။
2 Samuel 3:13ဒါဝိဒ်ကလည်း ကောင်းပြီ။ သင်နှင့်ငါ မိဿဟာယဖွဲ့မည်။ သို့ရာတွင် ငါတောင်းစရာတခုရှိ၏။ ငါ့မျက်နှာကိုမြင်အံ့သောငှါ လာသောအခါ၊ ရှောလုသမီး မိခါလကို ဆောင်ခဲ့ရမည်။ သို့မဟုတ် ငါ့မျက်နှာကို မမြင်ရဟု ပြန်ဆို၏။
2 Samuel 14:28အဗရှလုံသည် ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရဘဲနှစ်နှစ်ပတ်လုံး ယေရုရှလင်မြို့၌ နေပြီးမှ၊