ကမ္ဘာဦးကျမ်း 34:14
ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကို မခံ သောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ် သောအကြောင်း ဖြစ်ပါ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 17:14အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကို မခံသောသားယောက်ျားကို သူ၏ အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု အာဗြံဟံအား မိန့်တော်မူ၏။
Joshua 5:7သူတို့ကိုယ်စား ဖြစ်စေတော်မူသော သူတို့၏ သားများတို့သည်၊ လမ်း၌ အရေဖျားလှီးမင်္ဂလာကို မခံရ သေးသောကြောင့်၊ ယောရှုသည် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
Judges 14:3မိဘတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည် အကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတယောက်မျှ မရှိလောဟု ဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ ပေးပါ။ အလွန်နှစ်သိမ့်ပါသည်ဟု အဘအား ပြောဆို၏။
1 Samuel 17:26ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကို သတ်၍ ဣသရေလအမျိုးခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသော သူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပရမည်အကြောင်း၊ အရေဖျားလှီးခြင်းကို မခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သော သူဖြစ်သနည်းဟု မိမိအနားမှာရှိသော သူတို့အား မေးမြန်းလျှင်၊-
2 Samuel 1:20ထိုသိတင်းကို ဂါသမြို့၌မပြောကြနှင့်။ အာရှကေလုန်မြို့လမ်းတို့၌ မကြားမပြောကြနှင့်။ ဖိလိတ္တိအမျိုး သမီးတို့သည် ဝမ်းမြောက်၍ အရေဖျားလှီးခြင်းကို မခံသော အမျိုးသမီးတို့သည် ရွှင်လန်းကြလိမ့်မည်ဟု စိုးရိမ် စရာရှိ၏။
1 Kings 21:9စာချက်ဟူမူကား၊ အစာရှောင်ရာအချိန်ကို ကြွေးကြော်၍၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထား ကြလော့။