ကမ္ဘာဦးကျမ်း 34:19
ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အား ကြီးသောကြောင့်၎င်း၊ အဘ၏ အမျိုးသားချင်းအပေါင်း တို့ထက် အသရေရှိသောကြောင့်၎င်း၊ ချက်ခြင်းဝန်ခံလေ ၏။
1835 Judson Burmese Bible
In The King James Version
In Context
18ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင် သည် နှစ်သက်၍၊၊
Cross References
Genesis 41:20အဆင်းမလှ ပိန်သောနွားတို့သည်၊ ဝသော အရင်နွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။
1 Samuel 22:14အဟိမလက်က၊ ကိုယ်တော်၏ ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။
1 Chronicles 4:9ထိုအဆွေအမျိုး၌ ယာဗက်သည် ထူးဆန်းသော သူဖြစ်၏။ သူ၏အမိက၊ ငါသည်ပြင်းစွာသော ဝေဒနာကို ခံ၍ ဤသားကို မြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။
Isaiah 3:3သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင်မှူးမတ်၊ လက် သတ္တိရှိသောသူ၊ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှား တော်မူ၏။
Isaiah 23:8တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သောမြို့ ဖြစ်လျက်၊ သူ၏ကုန်သည်တို့သည် မင်းသား၊ ဖောက်ကား ရောင်းဝယ်သော သူတို့သည် မြေကြီးမှုးမတ်ဖြစ်လျက်၊ ထိုမြို့တဘက်၌ အဘယ်သူသည် ဤအကြံကို ကြံစည် သနည်း။
Acts 13:50ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့် ထိုမြို့၌အကြီးအကဲဖြစ်သော သူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့် ထိုပြည်၏နယ်မှ နှင်ထုတ်ကြ ၏။