ကမ္ဘာဦးကျမ်း 34:25
ထိုသို့ခံ၍ သုံးရက်မြောက်သော နေ့၌၊ အလွန် နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင် ရှိမောင်နှင့် လေဝိညီနောင် နှစ်ယောက်တို့သည်၊ ထားလက်နက် တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိမရှိသော ထိုမြို့ကို တိုက်၍၊ ယောက်ျားအပေါင်းတို့ကို သတ်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 29:33တဖန် ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါသည် အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသော ကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟု ဆိုပြီး လျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့် မှည့်လေ၏။
Numbers 31:7မောရှေအား ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကို တိုက်၍ လူယောက်ျားအပေါင်းတို့ကို သတ်ကြ၏။
Joshua 5:6အဲဂုတ္တုပြည်မှထွက်လာသော စစ်သူရဲအပေါင်း တို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲ နေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလအမျိုး သားတို့သည် အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့် လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်ဟု ဘိုး ဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီး သောပြည်ကို ထိုသူတို့သည် မမြင်ရကြဟု ကျိန်ဆိုတော် မူ၏။
2 Chronicles 32:25သို့ရာတွင် ဟေဇကိသည် မိမိခံရသော ကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှား သော စိတ်ရှိ၏။ ထိုကြောင့် သူ၌၎င်း၊ ယုဒပြည်နှင့် ယေရုရှလင်မြို့၌၎င်း၊ အမျက်တော်ထွက်လေ၏။
Proverbs 6:34အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။