ကမ္ဘာဦးကျမ်း 35:23
ယာကုပ်သား တကျိပ်နှစ်ပါးရှိ၏။ လေအာတွင် မြင်သော သားကား၊ ယာကုပ်၏သားဦး ရုဗင်၊ အစရှိသော ရှိမောင်၊ လေဝိ၊ယုဒ၊ ဣသခါ၊ ဇာဗုလုန်တည်း။
1835 Judson Burmese Bible
In The King James Version
In Context
22ထိုအရပ်၌နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့် အိပ်လေ၏။ ထိုသတင်း ကို ဣသရေလကြား၏။
24ရာခေလသားကား၊ ယောသပ်နှင့် ဗင်္ယာမိန် တည်း။
Cross References
Genesis 29:32လေအာသည် ပဋိသန္ဓေယူသဖြင့်၊ သားကို ဘွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်း မူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ် လိမ့်မည်ဟု ဆိုသတည်း။
Genesis 33:2ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့် ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌ ၎င်း၊ ရာခေလနှင့် ယောသပ်ကို နောက်၌၎င်း ထားလေ ၏။
Genesis 49:3အိုရုဗင်၊ သင်သည် ငါ့သားဦး၊ငါ့အစွမ်းသတ္တိ၊ ငါခွန်အား အစအဦး၊ ဘုန်းအထွဋ်၊ တန်ခိုး အထွဋ်ဖြစ်၏။
Numbers 1:5သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသော သူဟူမူကား၊ ရုဗင်အမျိုး၊ ရှေဒုရသားဧလိဇုရ။
Numbers 2:3နေထွက်ရာ အရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သား နာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Numbers 10:14ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန်အုပ်ရ၏။