ကမ္ဘာဦးကျမ်း 39:14
အိမ်သားယောက်ျားတို့ကိုခေါ်၍၊ သင်တို့ ကြည့်ကြ။ ငါတို့၌ မရိုမသေပြုစေခြင်းငှါ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူ အိပ်ခြင်း ငှါ ဝင်လာ၍ ငါသည် ကျယ်သောအသံနှင့် အော်ဟစ်ရ၏။
1835 Judson Burmese Bible
In The King James Version
In Context
13ထိုသို့သခင်မလက်၌ မိမိအဝတ်ကိုစွန့်၍ ပြင်သို့ ထွက်ပြေးသည်ကို သခင်မသိမြင်သောအခါ၊
15ကျယ်ကျယ်အော်ဟစ်သံကို ကြားလျှင်၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျှင်၊
Cross References
Genesis 14:13ထိုဘေးမှ လွတ်၍ ပြေးသော သူတယောက်သည်၊ ဟေဗြဲလူ အာဗြံနှင့်မိဿဟာယဖွဲ့သောသူ၊ ဧရှ ကောလနှင့် အာနေရ၏အစ်ကို အာမောရိလူမံရေ၏ သပိတ်တောနားမှာ နေသော အာဗြံထံသို့ ရောက်၍၊ သိတင်းကြားပြောလေ၏။
Genesis 39:17သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်းထား သော ဟေဗြဲကျွန်သည် ကျွန်ုပ်ကိုမရိုမသေပြုခြင်းငှါ ဝင်လာပါ၏။
Psalms 35:11မမှန်သောသက်သေတို့သည်ပေါ်လာ၍၊ ငါမသိသောမှုပြစ်တို့ကို ငါ့အပေါ်မှာတင်ကြ၏။
Psalms 120:3အိုလှည့်စားတတ်သောလျှာ၊ သင်သည်အဘယ် ကျေးဇူးရှိ သနည်း။ အဘယ်အကျိုးကိုခံရသနည်း။
Isaiah 51:7ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ၏တရားကို နှလုံးသွင်းမိသော သူတို့၊ ငါ့စကားကို နားထောင်ကြ လော့။ လူတို့သည် အပြစ်တင်မည်ဟု မစိုးရိမ်ကြနှင့်။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။
Ezekiel 22:5အိုအသရေပျက်၍ နှောင့်ရှက်ခြင်းကို ခံရသောသင်ကို၊ အဝေးအနီး၌နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည်။