ကမ္ဘာဦးကျမ်း 39:3
သူ့ဘက်၌ ထာဝရဘုရားသည် ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင် လည်း သိမြင်၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 21:20ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင် ရှိတော် မူ၏။ သူသည် ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမား ဖြစ်လေ၏။
Genesis 21:23သို့ဖြစ်၍ သင်သည်ငါ့ကို၎င်း၊ ငါ့သားကို၎င်း၊ ငါ့မြေးကို၎င်း၊ မလှည့်စား၊ ငါသည် သင်၌ကျေးဇူးပြု သကဲ့သို့ ငါ၌၎င်း၊ သင်တည်းနေရာ ငါ့ပြည်၌၎င်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကို တိုင်တည်၍ ငါ့အား ကျိန်ဆိုပါလော့ဟုပြောဆို၏။
Genesis 26:28ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာ ရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊
Genesis 30:30အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခု တိုးပွါး၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ် ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ် အိမ်သူ အိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစု ရပါအံ့နည်းဟု ဆိုလေ၏။
Genesis 39:23ထိုနောက် ထောင်မှူးသည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ယောသပ်ဘက်မှာရှိ၍ သူပြုလေ ရာရာ၌ အောင်စေတော်မူသတည်း။
Joshua 1:7သို့ဖြစ်၍ ငါ၏ကျွန်မောရှေ မှာထားသော တရားအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းငှါ အားယူ ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။