ကမ္ဘာဦးကျမ်း 43:28
သူတို့က၊ ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘ သည် ကျန်းမာပါ၏၊ အသက်ရှင်ပါသေး၏ဟု လျှောက် လျက်၊ ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 37:7ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကို စည်း၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်းသည် ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု ပြောဆိုလေ၏။
Genesis 43:26ယောသပ်သည် အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသော လက်ဆောင်ကို အိမ်ထဲ ယော သပ်ထံသို့သွင်း၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ၏။
2 Samuel 1:2သုံးရက်မြောက်သောနေ့တွင် လူတယောက်သည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်မှာ မြေမှုန့်ကို တင်လျက်၊ ရှောလုတပ်ကလာ၍၊ ဒါဝိဒ်ထံသို့ရောက်သော်၊ မြေပေါ်မှာ ပြပ်ဝပ်လျက်ရှိခိုး၏။
1 Kings 1:16ဗာသရှေဘသည်ဦးချ၍ ရှင်ဘုရင်အား ရှိခိုးလျှင်။ ရှင်ဘုရင်က အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။