ကမ္ဘာဦးကျမ်း 44:16
ယုဒကလည်း၊ ကျွန်တော်တို့သည် သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း။ အဘယ်သို့ ပြောရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့လွတ်နိုင်ပါအံ့နည်း။ ကိုယ်တော် ကျွန်တော်တို့၏အပြစ်ကို ဘုရားသခင် စစ်၍ တွေ့တော်မူပြီ။ အကြင်သူ၌ ဖလားတော်ကိုတွေ့၏။ ထိုသူမှစ၍ ကျွန်တော်တို့ ရှိသမျှသည် သခင်၏ ကျွန်ဖြစ်ကြပါ၏ဟု လျှောက်လေသော်၊
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 37:7ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကို စည်း၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်းသည် ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု ပြောဆိုလေ၏။
Genesis 37:18အနီးသို့မရောက်မှီ အဝေး၌ရှိစဉ်ပင်၊ အစ်ကို တို့သည်မြင်လျှင်၊ သတ်ခြင်းငှါတိုင်ပင်လျက်၊
Genesis 43:8ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူ လွှတ် ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့ သည် မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ ထ၍ သွားကြပါမည်။
Genesis 44:32ကိုယ်တော် ကျွန်က၊ အကျွန်ုပ်သည် တဖန်သူငယ် ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ အစဉ်မပြတ် အဘရှေ့မှာ အပြစ်ကိုခံပါစေဟုဆိုသဖြင့်၊ အဘထံမှာ သူငယ်၏အာမခံ ဖြစ်ပါ၏။
Deuteronomy 25:1လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူ ကို အပြစ်လွတ်စေခြင်းငှာ၎င်း၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ၎င်း စီရင်ရမည်။
Joshua 7:18ထိုအိမ်ထောင် လူအသီးအသီးတို့ကို ဆောင်ခဲ့သ ဖြင့် ယုဒအမျိုး၊ ဇေရ၊ ဇာဗဒိ၊ ကာမိတို့မှ ဆင်းသက်သော အာခန်ကို မှတ်တော်မူ၏။