ကမ္ဘာဦးကျမ်း 44:34
သူငယ်သည် ကျွန်တော်တို့မပါလျှင်၊ ကျွန်တော် အဘထံသို့ အဘယ်သို့ ကျွန်တော်သွားနိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော်အဘ၌ ရောကလတံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟု လျှောက် လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 18:8ထာဝရဘုရားသည် ဣသရေလအမျိုးအတွက် ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့၌ ပြုတော်မူသမျှကို ၎င်း၊ လမ်းခရီးတွင် ခံရသော ဆင်းရဲဒုက္ခအလုံးစုံကို၎င်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ်တော်မူ ကြောင်းကို၎င်း၊ မောရှေသည် ယောက္ခမအား ကြားပြောလေ၏။
2 Chronicles 34:28ငါသည် သင်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆောင် ၍၊ သင်သည် ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ရောက်ရလိမ့်မည်။ ဤအရပ်၌၎င်း၊ ဤအရပ်သားတို့၌၎င်း၊ ဤအရပ်သားတို့ ၌၎င်း၊ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင် မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည် အတိုင်း၊ သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။
Job 31:29ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါဝါကြွားသလော။
Psalms 119:143ဆင်းရဲညှိုးငယ်ခြင်းသို့ရောက်သော်လည်း၊ ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။